About Us

Ele Tech Co., Ltd ကို ၂၀၁၅ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး လက်ရှိတွင် လုပ်ငန်းများကို တိုးချဲ့လုပ်ကိုင် လျှက်ရှိသည်။ Ele Tech Co., Ltd သည် ဓာတ်လှေကားများတွင် ပြုပြင်ထိန်းသိမ်းခြင်း (montly maintenance)၊ တပ်ဆင်ခြင်း (Installation)၊ စမ်းသပ်မောင်းနှင်ခြင်း (testing and commissioning) လုပ်ငန်းများ၊ လူနေအိမ်နှင့် စက်မှုလုပ်ငန်းသုံး ဓာတ်လှေကားများအား Ele Tech Co., Ltd မှ ကျွမ်းကျင်သော Technicians နှင့် Engineers များ ကိုယ်တိုင်ဦးစီး၍ တပ်ဆင်လျှက်ရှိပါသည်။

ကျွန်ုပ်တို့ Ele Tech Co., Ltd သည် KOYO Elevator Co., Ltd (Elevators & Escalators) နှင့် လက်တွဲ၍ EU type-examination certificate (EN81) ရရှိထားသော elevator များနှင့် EU type-examination certificate (EN115) ရရှိထားသော Escalator များအား တင်သွင်းရောင်းချ တပ်ဆင်လျှက်ရှိပါသည်။

KOYO အမှတ်တံဆိပ် ဓာတ်လှေကားများအား တပ်ဆင်သင့်သည့် အကြောင်းရင်းများ

  • KOYO အမှတ်တံဆိပ် ဓာတ်လှေကားများအား ဂျာမဏီ၊ ပြင်သစ်၊ အီတလီ၊ အမေရိကား နှင့် ဥရောပ နိုင်ငံများ အပါအဝင် ကမ္ဘာတဝှမ်း နိုင်ငံပေါင်း ၁၁၆ နိုင်ငံတွင် တပ်ဆင်အသုံးပြုလျှက်ရှိခြင်း။
  • အရည်အသွေးမြင့် ဓာတ်လှေကားများအား ချိုသာသောဈေးနှုန်းဖြင့် လူကြီးမင်းတို့စိတ်တိုင်းကျ ရွေးချယ်ဝယ်ယူတပ်ဆင်နိုင်ခြင်း။
  • အဆောက်အဦးအမျိုးအစားနှင့် အထပ်အမြင့်ပေါ်မူတည်၍ မည်သည့် ဓာတ်လှေကားအမျိုးအစား တပ်ဆင်သင့်သည်ကို ကျွမ်းကျင်အင်ဂျင်နီယာများ ကိုယ်တိုင် အခမဲ့လာရောက် ဆွေးနွေးပေးခြင်း၊ ဆိုဒ်ထဲသို့ လာရောက်ကြည့်ရှုပေးခြင်း။

KOYO အမှတ်တံဆိပ် ဓာတ်လှေကားများသည် ဂျာမန်နည်းပညာကို အပြည့်အဝ အသုံးပြုထားပြီး တရုတ်နိုင်ငံ Kunshan City တွင် ထုတ်လုပ်မှုပြုလုပ်လျှက်ရှိပါသည်။

ထုတ်လုပ်မှုပြုလုပ်နေစဉ်အတွင်း ဓာတ်လှေကားအရည်အသွေး ပြည့်မှီမှုရှိစေရန် Germany နိုင်ငံရှိ ကျွမ်းကျင်သော အင်ဂျင်နီယာကြီးများကိုယ်တိုင် ၆လ တစ်ကြိမ်လာရောက်စစ်ဆေးမှုပြုလုပ်လျှက်ရှိပါသည်။

မြန်မာနိုင်ငံမှ ဝယ်ယူတင်သွင်းသော ဓာတ်လှေကား၊ စက်လှေကားများကိုလည်း KOYO elevator စက်ရုံတွင် စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ပြီး နိုင်ငံတကာစံချိန်စံညွှန်းနှင့်အညီ အရည်အသွေးပြည့်မှီသော ဓာတ်လှေကား၊ စက်လှေကားများကိုသာ တင်ပို့ရောင်းချသောကြောင့် KOYO elevator အမှတ်တံဆိပ်ပါသော ဓာတ်လှေကား၊ စက်လှေကားများကို ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်ပါသည်။

ဓာတ်လှေကား၊ စက်လှေကားများအား တပ်ဆင်အသုံးပြုပြီးနောက် ကျွမ်းကျင်သော Techniciansများကိုယ်တိုင် 24 hours ဝန်ဆောင်မှု ပေးထားသောကြောင့် KOYO အမှတ်တံဆိပ် ဓာတ်လှေကားများအား ယုံကြည်စိတ်ချစွာ တပ်ဆင်အသုံးပြုနိုင်ပါသည်။

Our Mission

  • ဓာတ်လှေကား၊ စက်လှေကားများအား ရောင်းချပြီးနောက် တပ်ဆင်ခြင်း (installation) နှင့် စမ်းသပ်မောင်းနှင်ခြင်း (testing and commissioning) လုပ်ငန်းများအား အကောင်းဆုံးနှင့် အချိန်မှီပြီးစီးရန်၊
  • မိမိတို့ကုမ္ပဏီမှ လုပ်ငန်းကျွမ်းကျင်သော အင်ဂျင်နီယာများ၏ နှစ်ပေါင်းများစွာ အတွေ့အကြုံများမှတဆင့် ကျွန်ုပ်တို့၏ဖောက်သည်များအား အရည်အသွေးမြင့် ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများပေးရန်၊
  • Ele Tech Co., Ltd သည် "သင်၏ အဓိကနှင့် ယုံကြည်စိတ်ချရသော ဓာတ်လှေကားဝန်ဆောင်မှု" ကုမ္ပဏီတစ်ခု ဖြစ်လာရန်နှင့် အကောင်းဆုံးသော ဝန်ဆောင်မှုများအား ဆက်လက်ထိန်းသိမ်းရန်၊

ဝန်ဆောင်မှုပြုလုပ်ပုံ (servicing)

  • တစ်လလျှင် တစ်ကြိမ် Safety Parts များနှင့် အခြားအရေးကြီးသော အစိတ်အပိုင်းများအား စစ်ဆေးပေးခြင်း၊ ဓာတ်လှေကားအတွင်းအပြင် သန့်ရှင်းရေး ပြုလုပ်ခြင်း၊
  • မိမိဝယ်ယူထားသော ဓာတ်လှေကားနှင့် ပတ်သက်၍ လိုအပ်ချက်တစ်စုံတစ်ရာဖြစ်ပေါ်လာပါက ၂၄နာရီ အချိန်ပြည့် ဖုန်းခေါ်ဆို အကြောင်းကြားနိုင်ခြင်း၊
  • ဓာတ်လှေကားအသုံးပြုခွင့် လိုင်စင်အား နှစ်စဉ် သက်တမ်းတိုးပေးခြင်း၊
  • KOYO elevator အမျိုးအစား တစ်မျိုးတည်းသာ ပိုင်ပိုင်နိုင်နိုင် တာဝန်ယူဝန်ဆောင်မှုပေးပြီး၊ spare parts များ အဆင်သင့်ထားရှိခြင်း
  • လစဉ် Service record များနှင့် Break down record များကို မှတ်တမ်းထားရှိခြင်း

Breakdown ဖြေရှင်းပုံ

  • break down on call ဝင်လာပါက နေရာအနီးအဝေးပေါ် မူတည်၍ engineer များရောက်နိုင်မည့်အချိန်ကို အကြောင်းကြားပါမည်။
  • တစ်လတည်းတွင် ဓာတ်လှေကားတစ်စီးတည်းမှ break down ဖြစ်ပေါ်မှု သုံးကြိမ်နှင့်အထက် ပိုလာပါက ထိုဓာတ်လှေကားမှ break down ထပ်မံ ဖြစ်ပေါ်မှုမရှိစေရန် Ele Tech Co., Ltd ရှိ ကျွမ်းကျင် အင်ဂျင်နီယာများမှ အစည်းအဝေးပြုလုပ်၍ Solution အဖြေရှာခြင်းများ ပြုလုပ်ပါသည်။
  • break down record များကိုလည်း မှတ်တမ်းထားရှိပါသည်။